Tuesday, December 10, 2013

nerdbux တွင်ငွေရှာနည်း

legacyclix

legacyclix လည်းတူတူဘဲမို့ တခါတည်းသာ ကြည့်လိုက်ကြပါ။
မိမိရဲ့အင်တာနက်လိုင်းမြန်နှုန်းသည် Download Speed အနည်းဆုံး 30 KB ရှိမှ ၀င်ငွေရှာ သည့် Website များတွင် အလုပ်လုပ်ပါ

အင်တာနက်မှာ ၀င်ငွေရှာမည့်သူများကို PTC ငွေရှာသည့် Website များကိုအသုံးပြုရာတွင် မိမိကိုယ်ပိုင်အင်တာနက် နဲ့ မိမိကိုယ်ပိုင်ကွန်ပျူတာဖြင့်လုပ်နိုင်သူဖြစ်ရမည် .. အင်တာနက်ဆိုင်များတွင် ပြုလုပ်ခြင်း လုံးဝ ( လုံးဝ ) ရှောင်ပါ အကောင့်အား အဘန်းခံရနိုင်ပါသည်။ ဥပမာ မိမိက ဖုန်းရှိတယ်ဆိုရင် ဒီဖုန်း အင်တာနက်နဲ့ မိမိကိုယ်ပိုင် ကွန်ပျူတာ
ကို ( Join )ဆက်ပြီး အသုံးပြုပါ..အကယ်လို့ မိမိကွန်ပျူတာက အကြောင်းအမျိုးမျိုးကြောင့်ပျက်စီးသွားလျှင် အခြား မည့်သည့် ကြော်ငြာမျှ မဖွင့်ကြည့် ( or ) Click မလုပ်ရသေး
သော ကွန်ပျူတာအသစ်တစ်လုံးတွင် နဂိုမူလ ဖုန်းအင်တာနက်ဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ အဓိကကတော့ အင်တာနက်လိုင်းတစ်လိုင်းတည်းကိုဘဲ စွဲမြဲစွာသုံးနိုင်လေ ကောင်း
လေဖြစ်ပါတယ်။

အခုကျွန်တော်ဒီဆိုဒ်တွင် တင်ပြထားသော ငွေရှာဆိုဒ်များကိုယုံကြည်မှ အလုပ်လုပ်ပါ.......တစ်ပတ်မှာ ငါးရက်လောက် လုပ်နိုင်တယ်ဆိုမှ အလုပ်လုပ်ဖို့လည်းတိုက်တွန်းပါရစေ
ဘာလို့လဲဆိုတော့ လုပ်လိုက်မလုပ်လိုက်နဲ့ဆိုရင် မလုပ်တဲ့ရက်အတွက် ငွေတက်မှာမဟုတ်လို့ပါ။

မည်သည့်ဝင်ငွေရှာ Website မဆို အုံဖွချက်ချင်းငွေမရပါ ကိုယ်ပိုင်အင်တာနက်သမားများအတွက်ဘားမှမဖြစ်သော်လည်း ဖုန်းသမားများအတွက် တစ်လကျော် နှစ်လအတွင်း အနည်းငယ်အရှုံးရှိမည် သို့သော် ငါး လအတွင်း ညွှန်ပြထားသည့်အညွှန်းများအတိုင်းပုံမှန်လုပ်သွားရုံဖြင့် မည်မျှဝင်ငွေများရရှိလာသည် အမြတ်ပြန်ရလာ သည်ကို လက်တွေ့သိရမည်ဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်လဲ GSM 420 ကို ( WCDMA Only ) ပြောင်းပြီး ငွေရှာဆိုဒ် လေးငါးခုမှာလုပ်နေပါသည်။

အင်္ဂလိပ်စာကို အနည်းငယ်မျှဘာသာပြန်နိုင်သူဖြစ်ရမည်။ ဇွဲရှိသူဖြစ်ရမည်။ စဉ်းစားတွေးခေါ်နိုင်သူဖြစ်ရမည် ။ စိတ်ရှည်သူဖြစ်ရမည်။ ဒီလိုအရည်အချင်းတွေရှိသည်ဆိုလျှင် ၀င်ငွေရှာသည့် Website များတွင် အလုပ်လုပ်နိုင်မည်ဖြစ်သည်။ ဇွဲမရှိ မစဉ်းစားမတွေးခေါ် မလေ့လာလျှင် လုံးဝအမြတ်မရှိနိုင်ပါ။ အဓိက ဇွဲသာအရေးကြီးသည်

အရေးကြီးဆုံးသောအချက်အဖြစ် မိမိမှာ Direct Referral အနည်းဆုံး အယောက် 50 လောက်ကို ငါးလအတွင်း ရှာနိုင်ရမည်။ Direct Referral ကိုနားမလည်သူများအနေဖြင့်
သင်ခန်းစာပါအကြောင်းအရာများကိုဖတ်သွားရုံဖြင့် သဘောပေါက်မည်ဖြစ်သည်။ ( ဥပမာတစ်ခုအနေဖြင့် DR များကို Facebook မှသူငယ်ချင်းများကိုပြောပြပေးခြင်း ၊ မိမိကိုယ်ပိုင်
Free Website ပြုလုပ်ကာ D R ၀င်ဖို့ဖိတ်ခေါ်ခြင်းများပြုလုပ်နိုင်ခြင်း ၊ Facebook Comment များတွင် မိမိပြုလုပ်ထားသည့် ၀င်ငွေရှာ Website များအကြောင်း ကို Comment
ပေးပြီး ကြော်ငြာခြင်းဖြင့် D R များရရှိနိုင်မည်ဖြစ်သည် ။ ယခုဆိုဒ်တွင်ဖော်ပြထားသောအကြောင်းအရာများကို မိမိကိုယ်ပိုင်အဖြစ် လွတ်လပ်စွာ ကူးယူသုံးစွဲခွင့်ပြုသည်.. ကျန်တာကတော့ မိမိရဲ့ ဦးနှောက်ကို သုံးရမည်ဖြစ်သည် )

ဖုန်းကိုအသုံးပြုပြီးကြော်ငြာကလစ်ခြင်း လုံးဝ(လုံးဝ)ခွင့်မပြုပါ..၀င်ငွေရှာသည့်ဝဘ်ဆိုဒ်များကိုတိုင်က သူတိုရဲ့စည်းမျဉ်းစည်းကမ်းများမှာတင်းကျပ်စွာတားဖြစ်ထားသည်။ ၀င်ငွေရှာ Website များရဲ့စည်းမျဉ်းစည်းကမ်းများကိုသိလိုပါက ၄င်းဝဘ်ဆိုဒ်များရဲ့ Team Of Services ဆိုတဲ့နေရာတွင် အသေးစိတ်ဖတ်နိုင်သည်။ ကျွန်တော်တို့လည်း အဲကဖတ်ထားသမျ
ကိုပြန်လည်ပြောပြရခြင်းဖြစ်သည်။

ငွေများလို့ငွေထုတ်ချင်လျင်ဖြစ်စေ...အကူအညီလိုအပ်လျင်ဖြစ်စေ thanhtikeaung1991@gmail.com သို့ဆက်သွယ်အကူအညီတောင်းခံနိုင်သည်။

ယခု Website များတွင်ဝင်ငွေရှာဝဘ်ဆိုဒ်များကို ပရိုမိုးရှင်းပေးထားသည် ။ ၄င်းတို့သည် ၀င်ငွေရှာ ၀ဘ်ဆိုဒ်များမှ ပြန်လည်ရရှိသောငွေများကို ပရိုမိုးရှင်းပြန်ပေးခြင်းသာဖြစ်သည်။

အထက်ပါ စည်းမျဉ်းစည်းကမ်းများကိုလိုက်နာနိုင်သည်ဆိုလျှင်အောက်ဖော်ပြပါ Nerd Bux ၀ဘ်ဆိုဒ်တွင် ငွေစတင်ရှာနိုင်ပြီဖြစ်သည်။ ကျေးဇူးအထူးပင်တင်ရှိပါသည်။
===============================================================================================================

စည်းမျည်းများ

 စည်းမျည်းများ

( 1 ) နိုင်ငံခြားတိုင်းပြည်များတွင် ခေတ်စားနေပြီးဖြစ်သော PTC ( Paid To Click ) Website များကိုမြန်မာပြည်သူပြည်သားများအားလုံး အတွက်မိတ်ဆက်ပေးခြင်းဖြစ်ပါသည်။

(2) တစ်နေ့ကို တစ်နာရီမျှအချိန်ပေးရုံမျှဖြင့် Internet ပေါ်တွင် ပိုက်ဆံများ ရှာဖွေနိုင်မည်ဖြစ်ပါသည်။

(3) တစ်လလောက်ပဲ အချိန်ပေးကာ စိတ်ရှည်လက်ရှည်နဲ့လုပ်ပါ ငွေများကိုမည်သို့တိုးအောင်လုပ်ရမည်ကို သဘောပေါက်နားလည်လာမည်ဖြစ်ပါသည်။

(4) မြန်မာနိုင်ငံအတွင်း နေထိုင်သူများသာမက ပြည်ပရောက်မြန်မာများအတွက်ပါ အဆင်ပြေပြေနဲ့လုပ်ဆောင်နိုင်သော လုပ်ငန်းလည်းဖြစ်ပါသည်။

(5) လုပ်ငန်းသဘောတရားသည် Company လုပ်ငန်းသဘောတစ်ရားနှင့်တူညီပါသည်..မိမိကိုယ်တိုင် Company သူဌေးနေရာမှ လုပ်ဆောင်ရမည်ဖြစ်ပြီး မိမိလုပ်ငန်း အတွင်း Share များကိုများပြားလာအောင်ပြုလုပ်ရမည်ဖြစ်သည်.. Share ၀င်များ များပြားလာပါက မိမိ၏ တစ်နေ့ဝင်ငွေနှုန်းသည်လည်း တိုးသထက် တိုးလာမည်ဖြစ်ပါသည်။
စာရေးသူကိုယ်တိုင် ၀င်ငွေရှာဖွေသည့် Website  လေးခုအတွင်းအလုပ်လုပ်နေပြီး တစ်နေ့ကို Website လေးခုမှစုစုပေါင်း 9$ မျှထုတ်ယူနေနိုင်ပြီဖြစ်ပါသည်။

(6) ငွေရှာဖွေသောလုပ်ငန်းအားတစ်လခန့်မျှ နေ့စဉ်ပုံမှန်လုပ်ပေးရန်လိုအပ်ပြီး ကွန်ပျူတာတစ်လုံးတွင် Account တစ်ခုသာအသုံးပြုရမည်ဖြစ်ပါသည်။ အမျိုးအစားမတူသော
ငွေရှာသည့် Website များကိုမူ ကွန်ပျူတာတစ်လုံးတွင် စိတ်ကြိုက် အသုံးပြုနိုင်ပါသည်။

(7) ရရှိလာသည့် ၀င်ငွေများကို လွှဲပြောင်းထုတ်ယူရာတွင် PayPal စနစ်ဖြင့်အများဆုံးထုတ်ယူနိုင်ပြီး PayPal မှ မြန်မာငွေဖြစ်အောင်ထုတ်ယူနည်းကိုလည်းမကြာခင်တင်ဆက်ပေး
သွားမည်ဖြစ်ပါသည်။

(8) ယခုအလုပ်များသည်အမှန်တစ်ကယ်ဆိုလျှင် ငွေရှာသည့် Website တစ်ခုချင်းစီအတွက် တစ်နှစ်တာမျှ အလုပ်လုပ်ပါမှငွေများများရလာမည်ဖြစ်သော်လည်း ယခုဖော်ပြမည့်
နည်းလမ်းများတွင် သုံးလေးလအတွင်းအမြန်ဆုံးဝင်ငွေများတိုးအောင်ပြုလုပ်နည်းများကိုပါ ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

(9) မိမိ၏ အတွေးအခေါ်နဲ့မိမိ၏ လုပ်ငန်းများကိုကြော်ငြာမှုပိုင်းသည်လည်းအလွန်အရေးကြီးပါသည် ဒါမှမိမိရဲ့ ၀င်ငွေရှာဖွေသည့်လုပ်ငန်း အလျင်အမြန်တိုးတက်ကာ Daily ၀င်ငွေပမာဏ များစွာရရှိမှာလည်းဖြစ်ပါတယ်။ ရိုးရိုးတန်းတန်း ကြော်ငြာကြည့် ၀င်ငွေယူနေရုံနဲ့မရပါ..မိမိရဲ့ကိုယ်ပိုင်ညှစ်အားကိုလည်း သုံးရပါမည်..ကလိရပါမည်..အင်္ဂလိပ်စာ
အနည်းအကျဉ်းဖတ်တတ်ဘာသာပြန်တတ်ဖို့လဲလိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မိမိကိုယ်တိုင်က Company သူဌေးနေရာက အလုပ်လုပ်ရမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။

(10) ၀င်ငွေရှာဖွေသောလုပ်ငန်းလုပ်ကိုင်ရာတွင် ဖုန်းအတွင်း အသုံးပြုခြင်းကိုအတတ်နိုင်ဆုံးရှောင်စေချင်ပါသည်..ဖြစ်နိုင်လျှင် ဖုန်းအင်တာနက်ကိုကွန်ပျူတာဖြင့်တွဲပြီးသော်လည်း
ကောင်း ၊ ပုံမှန်ကွန်ပျူတာဖြင့် အသုံးပြုပြီးသော်လည်းကောင်း လုပ်ကိုင်စေချင်ပါသည်။

(11) အချိန်အရင်းအနှီးပေးရသောအလုပ်ဖြစ်သည့်အတွက် သေချာဂရုစိုက်ကာ စည်းမျဉ်းစည်းကမ်းများလိုက်နာစေချင်ပါသည် ။ အချိန်သုံးလအတွင်း လုံးဝလုံးဝအကျိုးရှိလာတာကို
ယခင်လုပ်ဖူးပြီးသူများသိကြပါသည်။

(12) ၀င်ငွေရှာဖွေခြင်းနှင့်ပတ်သက်လို့ www.mmithelper.com ( Myanmar IT Helper ) မှာ တကယ့်အစစ်အမှန်ငွေပေးသည့် Website များကိုထုတ်ပြန်ပေးသွားမှာ
ဖြစ်သလို ၀င်ငွေရှာဖွေခြင်းနှင့်ပတ်သက်ပြီးမေးမြန်းလိုပါကလည်း adflycreator@gmail.com သို့ Email မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ကြပါသည်။
 
(13) PayPal Account သည် အလွယ်တစ်ကူဖွင့်လို့ရသော်လည်း ဖွင့်လို့ရလာသည့် Account များသည် Verified မဖြစ်ပါ မဖြစ်တဲ့အတွက် ငွေသွင်း/ထုတ်/လွှဲ ခြင်းများ
လုံးဝ(လုံးဝ) ပြုလုပ်မရပါ.. PayPal Account နဲ့ပတ်သက်လို့ အမြန်ဆုံးစုံစမ်းပြုလုပ်ချင်ရင်တော့ www.shwemoney.com 01 510 554 သို့ ရုံးချိန်အတွင်း ဆက်သွယ်
မေးမြန်းဆောင်ရွက်နိုင်ပါတယ်

(14) ၀င်ငွေရှာနေသူများ အများဆုံးကြုံတွေ့နေရတဲ့ ပြသနာတစ်ခုကတော့ Purchase Balance ထဲမှငွေများလျော့သွားခြင်းဖြစ်ပါသည်..ဒါကြောင် ၀ယ်စရာရှိမှ Main Balance
ထဲကငွေများကိုPurchaseBalanceထဲသိုဝယ်စရာမရှိဘဲနဲ့မပြောင်းဖို့ပြောကြားလိုပါတယ်..အမှန်တော့ပြောစရာတောင်မလိုပါမိမိဘာသာစဉ်းစားပြီးစမ်းသပ်ကလိရမှာဖြစ်ပါတယ်.
.ဒါဆိုရင်ပြောပြတဲ့သူထက် နည်းလမ်းများပိုမိုတွေ့ရှိလာပါလိမ့်မယ်။

(15) ခေါင်းစီးများတွင်လက်တွေ့ပြထားသော ငွေရှာသည့်ဆိုဒ်များသည် ကျွန်တော်ကိုယ်တိုင်အစစ်အမှန်ထုတ်ယူခဲ့သော ဆိုဒ်များဖြစ်ပါသည်..တစ်ကယ်မထုတ်ရသေးဘဲနှင့်တော့
တင်မပေးပါ..ကိုယ်တစ်ကယ်ထုတ်လို့ရပြီ..သေချာပြီဆိုမှတင်ပေးခြင်းသာဖြစ်ပါသည်..အများအတွက် အချိန်ကုန်မခံစေလို..မိမိကိုယ်တိုင်လဲမနစ်နာစေလိုသည့်အတွက်ကြောင့်
စမ်းသပ်ထုတ်ယူပြီးမှတင်ပေးပါသည်..ယုံကြည်စိတ်ချစွာပြုလုပ်နိုင်ကြပါသည်။

(16) ယခု နည်းပညာဆိုဒ်ချို့တွင် ပြန့်နှံ့နေသော 2DollarClick , 10DollarClick , 6DollarClick , 100DollarClick ,700DollarClick  , VisitToMoney စသည့်
Site များသည် ငွေလုံးဝမပေးသော ..လုံးဝလုံးဝကိုမပေးသော  ဆိုဒ်အတုများဖြစ်ကြပါသည်..ကြော်ငြာတစ်ခုကို နှစ်ဒေါ်လာ ..ဆယ်ဒေါ်လာပေးနေပြီဆိုကတည်းက လုံးဝမဟုတ်
တော့သည်ကို သတိထားသင့်ပါသည်။

(17) ငွေရှာတဲ့ဆိုဒ်တွေမှာ Member ၀င်တဲ့အခါ Sorry IP Address Is use by other Member ဆိုတဲ့ Error မျိုး အချို့နေရာတွေမှာပေါ်တတ်ပါတယ်..အဲလိုပေါ်လာပြီ
ဆိုရင်တော့ ကိုယ့်ရဲ့နေရာကနေ ဘယ်လိုမှလုပ်မရတော့ပါဘူး..ဒီတော့ လွယ်ပါတယ်..နိုင်ငံခြားက သူငယ်ချင်းအသိမိတ်ဆွေရှာပြီးလုပ်ခိုင်းပါ....နိုင်ငံခြားက အသိကိုလုပ်ခိုင်း
ပါ... မလုပ်ခိုင်းချင်ဘူးဆိုရင်တော့ ကျော်ခွကပါမယ်။ ကျော်ခွနည်းကို နောက် နေ့ မှာတင်ပေးထားပါမယ်။

(18) ဒီကြော်ငြာ Click သည့်လုပ်ငန်းကို ကျနော် ဘယ်ကနေစတင်တတ်မြောက်လာခဲ့သလဲဆိုရင် ဟောဒီလင့်.. http://www.premium2day.com/2013/05/earn-money-online-make-10-30-day-auto.html ကနေအမှတ်မထင်တွေ့ပြီးစတင် တတ်မြောက်လာခဲ့ရတာပါ.. ဘာပုံဘာအညွှန်းမှသေချာပြထားခြင်းမရှိဘဲ စာနဲ့ဘဲ
ရှင်းပြထားပါတယ်..ကျနော့်မှာ တော်တော်လေးကို လေ့လာခဲ့ရတာပါ...အခု ကျွန်တော် ပုံတွေနဲ့တစ်ကွသေချာရှင်းပြထားတယ်..ကျနော့်ရဲ့တွေ့ရှိချက်တွေပေါ့နော့်..ဒါကြောင့်
ဒီငွေရှာနည်းကိုလေ့လာသူများ ကျွန်တော်တောင် သုံးလအတွင်း ဒီလုပ်ငန်းကို ဘာအညွှန်း ဘာပုံမှညွှန်ပြထားခြင်းမရှိဘဲနဲ့လေ့လာနိုင်ခဲ့သေးရင် ညီအစ်ကိုမောင်နှမတို့ကရော
အခုလို ကျနော်ပုံတွေနဲ့သေချာရှင်းပြထားတာကို လုပ်နိုင်ကြတယ်မလား..တွေးခေါ်နိုင်ကြတယ်မလား :) ကျွန်တော် ယုံကြည်ပါတယ်.. ဒီလိုငွေရှာတဲ့ဆိုဒ်အသစ်..သေချာတိကျ
တဲ့ဆိုဒ်အသစ်များတွေ့ရင်လည်း တင်ပေးသွားမှာပါ...စမ်းသပ်နေတဲ့ဟာတွေလဲရှိပါတယ်.. :) Site ရဲ့ထိပ်ဆုံး Menu မှာ ငွေအစစ်အမှန်ပေးတဲ့ ဆိုဒ် သုံးခု တင်ထားပါတယ်...တစ်ခုခြင်းဝင်ရောက်လေ့လာနိုင်ပြီး နောက်ထပ်တစ်ကယ်ပေးသည့်ဆိုဒ်များကိုလည်းအဆင်ပြေတယ်..တစ်ကယ်ထုတ်လို့ရတယ်ဆိုတာနဲ့တင်ပေးသွားမှာဖြစ်
ပါတယ်။
အားလုံးဘဲကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ

Saturday, December 7, 2013

အရင်ဖတ်စေချင်

မှန်ကန်/တိကျပြီး လက်တွေ့ထုတ်ယူဖူးသော Webiste များကိုသာတင်ဆက်ပေးခြင်းဖြစ်သည်
စိတ်ချယုံကြည်စွာဖြင့်ဝင်ငွေရှာဖွေနိုင်ပါသည်။စည်းမျဉ်းစည်းကမ်းများကို ဒီမှာအရင်ဖတ်ပြီးမှ ၀င်ငွေရှာလုပ်ငန်းစတင်ဖို့ တိုက်တွန်းအပ်ပါသည်။



တစ်ချို့သော ၀င်ငွေရှာဆိုဒ်များအတွက် လုပ်ပုံလုပ်နည်းများကို ရေးပြမထားသော်လည်း လုပ်ပုံလုပ်နည်းရေးပြထားသည့် Nerdbux , Legacyclix ,   တို့မှသင်ခန်းစားများကိုသေချာဖတ်ရှုလိုက်ရုံဖြင့်အခြားဟာများ မိမိမသိသေးသည်များကို အလွယ်တစ်ကူပင်သဘောပေါက်ကာ လုပ်တတ်သွားမည်မှာအသေအချာဖြစ်ပါသည်။

http://legacyclix.com/?ref=thanhtikeaung22 မှာ အကောင့်လုပ်ပါ။

http://nerdbux.com/?ref=thanhtikeaung22 မှာ အကောင့်လုပ်ပါ။


အင်တာနက်ပေါ်က ငွေရှာတဲ့ဆိုဒ်တွေမှာ Register လုပ်ရင် တစ်ချို့ဆိုဒ်တွေမှာ " Sorry , this IP Address is use by other member " လို့ပြပြီး Register လုပ်မရတာမျိုး ကြုံဖူးကြမယ်ထင်ပါ
တယ်..ဒါဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အများဆုံးဖြစ်ပျက်နေတဲ့ ပြသနာတစ်ခုပါ.. ဆက်သွယ်ရေးက လူကြီးမင်းများရဲ့ အသုံးမကျတဲ့စီမံခန့်ခွဲမှုကြောင့်လေ..ထားပါ... အဲလို ကြုံလာရရင် IP ကျော်ဖွင့်မှရတယ်...ဒါပေမယ့် ကျော်ဖွင့်လို့ရတာက ဟုတ်တယ်.. ဒီလိုကျော်ဖွင့်လို့ရှိရင်ငွေရှာတဲ့ဆိုဒ်က ကိုယ့်ရဲ့ Account ကို Suspended လုပ်နိုင်လား ? မလုပ်နိုင်လား ? ဆိုတာ သံသယရှိခဲ့တယ်...ငွေရှာတဲ့ဆိုဒ်ဆိုတာ အချိန်ရင်းနှီးမြှပ်နှံထားရတာလေ.. ကိုယ့်မယ်ပိုက်စိတွေရနေပြီးမှ IP ကျော်ဖွင့်မှုနဲ့ အဘန်းခံနေရရင်
ဒုက္ခ..ဒါကြောင့် သေချာအောင် သက်ဆိုင်ရာ ငွေရှာတဲ့ဆိုဒ်တွေမှာရှိတဲ့ Admin တွေကို မတောက်တခေါက် အင်္ဂလိပ်စာလေးရေးပြီး လိုက်မေးတာ အကုန်လုံးက ချက်ချင်းလိုလို Reply ပြန်ပေးကြပါတယ်..ဒါကြောင့် ကိုယ်သိချင်တာလဲ သိခွင့်ရခဲ့တယ်..Reply လဲ မြန်မြန်ပြန်ပေးပါတယ်.... ဘာဘဲဖြစ်ဖြစ် လူအများလည်းသိချင်..မေးခွန်းလည်းအများဆုံးဖြစ်တဲ့ အိုင်ပီ ကျော်ဖွင့်ရင် ပြသနာရှိနိုင်လားဆိုတဲ့အဖြေကို ဖြေနိုင်လိုက်ပါပြီ... လုံးဝ ( လုံးဝ ) အဆင်ပြေပါတယ်.ဒါကြောင့် ပြည်ပက အက်ဒမင်ကြီးတွေကို အာဘွားပေးခဲ့လိုက်ပါတယ်. Admin တွေကလည်း ပြန်ပြောပါတယ် You are welcome တဲ့... ... ဒီတော့  " Sorry , this IP Address is use by other member " လို့ပြနေရင် အိုင်ပီကျော်ဖွင့်လို့ရ
တယ်... အကောင့်ဖွင့်ပြီးပြီဆိုမှ မြန်မာ IP နဲ့အမြဲတမ်း သုံးတော့ပေါ့... အိုကေနော်..အောက်က ပုံက မေးထားတဲ့ ပုံပါ.. ။ 

Picture  

PTC ( Paid To Click ) Online တွင်ငွေရှာသည့် Website များအကြောင်း

PTC ( Paid To Click ) ဆိုသည့် အင်တာနက်ငွေရှာလုပ်ငန်းသည် လျင်မြန်စွာဖြင့် ငွေရရှိသော အလုပ်များမဟုတ်ပါ။

မိမိတစ်နေ့အင်တာနက်အသုံးပြုသည့်အချိန်များထဲမှ 45 မိနစ်ခန့်ကိုရင်းပြီိး အလုပ်လုပ်ရတဲ့ ကြော်ငြာကြည့်ငွေရှာလုပ်ငန်း တစ်ခုသာဖြစ်ပါတယ်။ ဒါပေမယ့် ဘာလို့ ဒီလုပ်ငန်းတွေ

ခေတ်စားနေသလဲ .. ဘယ်လိုလူမျိုးက PTC ကိုအထင်သေးတဲ့စကား ပြောရသလဲဆိုတာ.. အောက်က အကြောင်းအရာတွေကိုဆက်ဖတ်ကြည့်ရအောင်...

PTC ဟာကရိကထမများတဲ့ သမ္မာအာဇီဝအလုပ်ဖြစ်ပါတယ် ... ဒါကြောင့်သမ္မာအာဇီဝဖြစ်တဲ့ PTCလုပ်တာဟာ အသုံးမကျဘူး ဂုဏ်ငယ်တယ်လို့ပြောတဲ့သူဟာ ဘယ်လိုအတန်းအစားဖြစ်မလဲ ... ??? PTCကိုသိလျက်နှင့်မလုပ်တာ အချက်၂ချက်ပဲရှိနိုင်မယ် ...
၁ ။ စိတ်မဝင်စားလို့ ( ဒီလူမျိုးကတော့ရှင်းပါတယ် ... စိတ်မဝင်စားတဲ့အရာကို အချိန်လုံးဝမပေးနိုင်ဘူး ... ဘယ်လောက်ရရ ဘယ်လောက်ကောင်းကောင်းစိတ်မဝင်စားဘူး ) သူ့ကိုတော့ အပြစ်ပြောစရာမရှိပါ ...

၂ ။ သဘောတရားနားမလည်လို့ ... ( သဘောတရားနားမလည်တဲ့အခါ အမြတ်နည်းပါးတယ် .. ဇွဲကလည်းမရှိပြန်ဆိုတော့ မူးစုပဲစုဒီအလုပ်ကို ပျင်းလာတယ် . အဲဒီတော့ ခါးပြတ်သွားတာပေါ့ .. သွားပုပ်လေလွင့်ပြောတဲ့သူတွေဟာ ဒီအမျိုးအစားမှာ ပါဝင်ပါတယ်) ( မြန်မာနိုင်ငံမှာ ဒီလုပ်ငန်းကို စိတ်ဝင်စားလို့ လိုက်လုပ်တဲ့ ဦးနှောက်မရှိ အစွမ်းအစမရှိ Fan Page မှာ မန်ဘာဝင် တစ်သောင်းကျော်ပိုင်ဆိုင်ထားတဲ့ $ သုံးမကျတဲ့ နည်းပညာရှင်ကြီးတစ်ယောက်
ရှိတယ်..သူကိုယ်တိုင်လဲ လုပ်တယ်..လူအများကိုလဲ လုပ်ဖို့တိုက်တွန်းတယ်..သူတိုက်တွန်းခံရတဲ့သူတော်တော်များများအဆင်ပြေနေချိန်မှာ သူက သူ့ဘာသာ အသုံးမကျဘဲ မလုပ်ကြပါနဲ့ မကောင်းပါဘူးဆိုပြီး PTC လုပ်ကိုင်နေသူ ၊ သူထက်အရင် PTC မိတ်ဆက်သူတွေကို စော်ကားတဲ့စကားတွေပြောခဲ့တယ်..သူ့ကိုတော့မြန်မာမှာအရင်ဆုံး ဂရင်းနစ်စံချိန်
ပေးလိုက်ပါတယ်.. $ ဖောင်းထုမှုနဲ့ပါ အဟတ် .... ;)

ယနေ့ခေတ်ဟာ အင်တာနက်ခေတ်ဖြစ်ပါတယ် ... ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အိုးမကွာအိမ်မကွာဖြစ်တဲ့ Home based jobs တွေခေတ်စားတာ ကြာနေပါပြီ ... လွတ်လပ်တယ် ၊ နေရာမရွေး အချိန်မရွေးလုပ်နိုင်တယ် ၊ အလုပ်ရှင် အလုပ်သမားပြဿနာနည်းပါးတယ် ... Home based jobs အမျိုးမျိုးရှိပါတယ် ... skillsကိုအခြေခံတဲ့အလုပ် ၊ Marketingအခြေခံအလုပ် ၊ Gamerတွေအတွက်အလုပ် ၊ ကုန်ကုန်ပြောရင် web cam ကနေ pornသရုပ်ဆောင်ပြီး ငွေရှာတောင်ရတယ် ... ရှင်းရော .ဘာပဲလုပ်လုပ် ကိုယ့်လုပ်ငန်းလူသိများမှ အောင်မြင်မှာပါ ... အဲဒီတော့ Advertising ဆိုတဲ့ ကြော်ငြာလုပ်ငန်းဟာ အလွန်အရေးပါတဲ့ အခန်းမှာရှိပါတယ် ... ဒါကြောင့် ကြော်ငြာလုပ်ငန်းဖြစ်တဲ့ PTCဟာလည်း အင်မတန်ရေပန်းစားတဲ့လုပ်ငန်းတစ်ခုပါ ...

PTC ဆိုတာဘာလဲ ...???
PTCဆိုတာ (paid to click) အွန်လိုင်းကြော်ငြာလုပ်ငန်းပါ ... အင်တာနက်မှာ Freeကြော်ငြာလို့ရတဲ့နေရာရှိတယ် .. ပိုက်ဆံပေးကြော်ငြာရတဲ့နေရာရှိတယ် ... PTCမှာတော့ ပိုက်ဆံပေးကြော်ငြာရတယ် ... ကြော်ငြာကြည့်သူတွေကို ကုမ္ပဏီကအထိုက်အလျောက်ပြန်ပေးတယ် ... သူ့ဆိုဒ်မှာကြည့်နေပေမယ့် သူ့အလုပ်သမားမဟုတ်ပါဘူး ... ကိုယ့်အချိန် ကိုယ့်ဝင်ငွေ ကိုယ့်ရည်မှန်းချက်ကို ကိုယ်တိုင်ပုံဖော်နေတာ ... ကိုယ်ဘယ်အထိသွားမလဲ ... တရက်၂ဒေါ်လာ (သို့) ဒေါ်လာ၂၀ .. ကိုယ့်စိတ်ကြိုက်ပဲ .. ဆက်သွားမလား ရပ်ထားမလား .. ကိုယ့်သဘောပဲ .. အဲဒီတော့ ကိုယ်တွေကလုပ်ငန်းရှင်ဗျာ ... ကြိုက်ကြိုက် မကြိုက်ကြိုက် တပြားမှမလျော့ဘူး ...

PTC site အမျိုးအစားများ
Bux sites
Bux site ဆိုတာကတော့ ကြော်ငြာကြည့်နှုန်းအပေးများတယ် ၊ Guaranteed adsတွေရှိမယ် ၊ RRတွေငှားရမ်းလို့ရမယ် ၊ ကြေးမြင့်တဲ့ member upgradeတွေရှိမယ် ... Guaranteed ads တွေပေးတဲ့အတွက် ကြော်ငြာသူမရှိရင် သူတို့ရဲ့ self ads တွေနှင့်လည်ပတ်ရပါတယ် ... ဒါကြောင့် clickerတွေအနေနှင့် ဝင်ငွေများများရနိုင်သလို ... ဆိုဒ်ပိုင်ရှင်အနေနှင့်တော့ စီးပွားရေးကျရှုံးမှုအလွန်များတဲ့ဆိုဒ်အမျိုးအစားပါ ... Neobux , probux , the-bux စတဲ့ဆိုဒ်တွေဟာ Bux site တွေပဲဖြစ်ပါတယ် ...

Aurora sites
Aurora sites တွေကတော့ ငွေပေးနှုန်းနည်းပါးတယ် RRဝယ်လို့မရဘူး .. ဒါကြောင့်သူတို့ဟာ ကြာရှည်ရပ်တည်နိုင်တဲ့ ptc site အမျိုးအစားဖြစ်ပါတယ် ... ငွေရှာနည်းအများအပြားပေးထားတယ် ဥပမာ -
• Paid To Read (PTR) ads: ဒါက ptcကြော်ငြာကြည့်သလိုပါပဲ
• Paid To Sign-up (PTSU): ဒါက Sign-up လုပ်ပြီးငွေရှာတာပါ
• Paid To Promote (PTP): သူ့ရဲ့ကြော်ငြာpage ကိုတခြားwebမှာ ပြပေး ၊ ကြော်ငြာပေးရင် သူကငွေပြန်ပေးပါတယ် ... Traffic Exchange နှင့်တွဲပြီးလုပ်ရပါတယ် ...
• Traffic Exchange (TE): ဒါကတော့ surfingလုပ်တာပါ ... သူ့သဘောကတော့ ငါမင်းကြော်ငြာကြည့်မယ် မင်းလည်းငါ့ကြော်ငြာကြည့် ဆိုတဲ့သဘောပါပဲ ... သူ့ကြော်ငြာကြည့်လို့ရလာတဲ့ creditကို ကိုယ့်ကြော်ငြာအတွက် ပြန်သုံးရတာပါ ... cashnhits / incentria / clicksia / donkeymails စတဲ့ဆိုဒ်တွေဟာ aurora site အမျိုးအစားတွေပါ ...

Mini-PTC
ဒီအမျိုးအစားကတော့ Bux နှင့် Aurora ပေါင်းထားတဲ့ပုံစံပါ ... RRငှားလို့ရမယ် RR/DR limit ကိုအနည်းငယ်သာပေးထားမယ် ဈေးမြင့်တဲ့ member upgradeရှိမယ် ... cashout limitများမယ် ... ကြော်ငြာကြည့်ခ အပေးနည်းမယ် ... ဒါကြောင့်သူလည်း Bux sites တွေထက်တော့ ကြာရှည်ရပ်တည်နိုင်ပါတယ် ...

PTC site လို့ ခေါ်နိုင်တဲ့အမျိုးအစား
အခြေခံအားဖြင့် ဒီဆိုဒ်တွေမှာ RRမရှိပါဘူး ... Advertiser နှင့် Clicker တွေကြားမှာ ဆိုဒ်ကအမြတ်ခွဲယူတဲ့သဘောပါ ... လူစစ်စစ်တွေပဲ ကလစ်တာဖြစ်တဲ့အတွက် ကြော်ငြာရှင်တွေက ဒီဆိုဒ်မျိုးကို ပိုပြီးနှစ်သက်ကြပါတယ် ... Clixsense / Clickfair / Hitzza စတဲ့ဆိုဒ်တွေဟာ ... ကြော်ငြာရှင်ကြိုက် ptcစစ်စစ်တွေပါ ...

PTC ဆိုဒ်ပိုင်ရှင်တွေရဲ့ရည်ရွယ်ချက်ကဘာလဲ ...
(မနေ့က မန်ဘာတစ်ယောက်ဒီမေးခွန်းကိုမေးထားလို့ပါ ) ဘာကိုဦးတည်တဲ့မေးခွန်းလည်းမသိပါ ... PTC ဆိုတာကြော်ငြာလုပ်ငန်း . စီးပွားရေးလုပ်ငန်းဖြစ်ပါတယ် ... အဲဒီတော့ PTC site ထောင်တယ်ဆိုတာ အလှူပေးဖို့မဟုတ်ပါဘူး ... စီးပွားရေးလုပ်ဖို့ အမြတ်ရဖို့ပါ ... Advertiser နှင့် Clickerကြားမှာ အမြတ်ကျန်အောင်လုပ်ဖို့က သူ့ရဲ့အဓိကရည်ရွယ်ချက်ဖြစ်ပါတယ် ...

Scamလုပ်ရခြင်းအကြောင်း...
Scamလုပ်ရခြင်းအကြောင်း အများအပြားရှိပါတယ် ... အကြမ်းအားဖြင့် -
၁ ။ ပိုင်ရှင်ဟာ မန်ဘာတွေကိုမပေးတော့ဘဲ ငွေထုပ်ပိုက်ပြီးလစ်သွားတယ် (လိမ်ဖို့သက်သက် ဆိုဒ်ထောင်ခြင်း)
၂ ။ ပိုင်ရှင် (သို့) အက်ဒမင်များဟာ ဆိုဒ်အတွက်အချိန်မပေးနိုင်ဘူး .. ကောင်းစွာစီမံခန့်ခွဲမှုမလုပ်နိုင်ဘူး .. အဲဒါကြောင့် scam လုပ်လိုက်ရတယ် (ဇယားမနိုင် ၊ အချိန်မရှိ ၊ စီမံခန့်ခွဲမှုညံ့ဖျင်း)
၃ ။ paypal limit လုပ်ခြင်း ။ တချို့ပိုင်ရှင်တွေက ဆိုဒ်ထောင်ပေမယ့် paypalကို free account သာသုံးပါတယ် ... scamဖြစ်လောက်စရာအကြောင်း မဟုတ်ပေမယ့် ... ကသောင်းကနင်းဖြစ် ၊ ယုံကြည်မှုမဲ့ပြီး scamဖြစ်သွားတာမျိုးလည်းရှိတတ်ပါတယ် ...
၎ ။ ကြော်ငြာနည်း၍ clickerများပြားခြင်း ။ ဝင်ငွေထွက်ငွေမမျှတာပါပဲ ။ အဲဒီအခါမှာ scamဖြစ်သွားပါတယ် ...
အချက်တွေကတော့ အများကြီးပါပဲ ... တကယ်တမ်းတော့ scam site ၂မျိုးပဲရှိပါတယ် ...
၁ ။ လိမ်ဖို့ရည်ရွယ်ချက်ဖြင့် scam site ထောင်ခြင်း
၂ ။ စီးပွားရေးကျရှုံးပြီး scam site ဖြစ်သွားခြင်း ... ဒါပါပဲ ...
ဒီလောက်များပြားတဲ့ scam site တွေကြားမှာ ဆိုဒ်ကောင်းတစ်ခုကို ဘယ်လိုရွေးချက်မလဲဆိုတာတော့ ကံသေကံမပြောလို့မရပါဘူး ...
ဆိုဒ်တွေကိုစစ်ဆေးဖို့အတွက်
၁ ။ http://www.ptc-investigation.com/default.aspx ... သူကတော့ ကိုယ်တိုင်စမ်းသပ်ပြီး informationဝေတာပါ .. ဒီဆိုဒ်ကို ၇၀%ဦးစားပေးသုံးပါတယ် ... သတိထားဖို့က Not Recommended လောက်တွေ့ရုံနှင့် scamလို့ပြောမရပါဘူး ... သူပြောတဲ့အချက်အားလုံးကို သေသေချာချာဖတ်ဖို့လိုပါတယ် .. Legit site တစ်ခုဟာ အချိန်မရွေး Ongoing ထဲရောက်သွားနိုင်သလို .. Ongoingတွေလည်း not recommended ဖြစ်သွားနိုင်ပါတယ် ... လူ့အလို နတ်မလိုက်နိုင်ဆိုတာရှိတယ် ... ဘယ်လောက်ကောင်းတဲ့ဆိုဒ်ဖြစ်ဖြစ် မကောင်းပြောတဲ့သူ အဆင်မပြေသူတွေကတော့ တွေ့နေရမှာပါပဲ ... အဲဒီတော့ကိုယ်တိုင်ပဲချင့်ချိန်ပေါ့ ...
၂ ။ http://www.scamadviser.com/ ... သူက owner information , Alexa rank , traffic , user feedback .. စတာတွေကိုအခြေခံပြီး adviseပေးတာပါ ... သူအခြေခံတဲ့အရာတွေကိုကြည့်ပြီး scamဟုတ် မဟုတ် စစ်ဆေးတာအံဝင်ဂွင်ကျမှုသိပ်မရှိပါ ... ဒါကြောင့် ဒီဆိုဒ်ကို ၂၀%လောက်ပဲသုံးပါတယ်
*အကောင်းဆုံးကတော့ forumတွေကို crossingလိုက်ဖတ်ပါ ... ၁ဆိုဒ်အကြောင်းကို ၂နှင့်၃မှာရှာဖတ်မယ် .. ၂အကြောင်းကို ၁နှင့်၃မှာဖတ်မယ် .. အဲလိုမျိုးပါ *
နောက်ထပ်စစ်ဆေးနိုင်မယ့် ဆိုဒ်တချို့ကတော့ -
http://www.emoneyspace.com/index.php
http://ptccentral.com/
http://website.informer.com/
http://www.alexa.com/
ဒါတွေကို ခင်ဗျားတို့ဥာဏ်ရှိသလို အသုံးချလို့ရပါတယ် ... PTC မိသားစုတွေ ကျန်းမာရွှင်လန်းပါစေ ...